အခြေခံ "ဝါး" လက်မှုထည် ထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်ပို့ချမည်

11/06/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဦးစီး၍ "အခြေခံဝါးလက်မှုထည် ထုတ်လုပ်နည်းသင်တန်း" ဖွင့်လှစ်ပို့ချမည် ဖြစ်ကြောင်း သိရသည်။

    သင်တန်းတွင် ဝါးနှင့် ကြိမ် ပေါင်းစပ်၍ (သို့) ဝါးသီးသန့် လက်မှုထည်အမျိုးမျိုး ဖန်တီး ပြုလုပ်သည့် အခြေခံနည်းလမ်းများအပြင် ပလတ်စတစ်ခြင်း၊ ပုသိမ်ထီး၊ အုန်းအမာခွံ အစရှိသည့် လက်မှုပညာရပ်များကိုလည်း ပို့ချပေးမည်ဖြစ်သည်။

အခု သင်တန်းပေးမှာက ကျွန်မတို့ နေပြည်တော်ရုံးချုပ်ကပါ။ တစ်ကြိမ်ကို သင်တန်းသား ၂၅ ဦး လက်ခံသင်ကြားပေးမှာပါ။ သင်တန်းကုန်ကျစရိတ်၊ သင်တန်းကြေး အားလုံး free ဖြစ်ပါတယ်။ ကျန်တဲ့ ရသင့်တဲ့ အခွင့်အရေးလေးတွေလည်း ရှိပါသေးတယ်။ ဒေသထွက်သယံဇာတတွေနဲ့ အိမ်တွင်းလက်မှုထည်တွေ ဖန်တီးပြီး၊ ဈေးကွက်ဝင်ရောက်နိုင်စေဖို့ပါ။ Covid-19 အလွန်မှာ ဖွင့်မှာဖြစ်လို့ နေရာနဲ့ အချိန်ကိုလည်း ထပ်မံကြေငြာပေးသွားမှာပါ။ အသေးစိတ်ကို ဆက်သွယ်မေးနိုင်ပါတယ်။

ဟု စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စက်မှုလက်မှုဌာနခွဲ (ရုံးချုပ်) နေပြည်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဌေး က ပြောသည်။

    အဆိုပါသင်တန်းကို နေပြည်တော်အနီးတဝိုက် ဒေသများအတွက်ရည်ရွယ်ကာ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ပြီး၊ စိတ်ပါဝင်စားသူများ၊ သင်တန်းစုံစမ်းလိုသူများအနေဖြင့် ဖုန်းနံပါတ် ☎ ၀၆၇-၄၁၀၂၄၆, ၀၉-၄၃၁၂၅၅၅၃ သို့ ဆက်သွယ်နိုင်သည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်