တန်ဖိုးကြီး ရှားပါး …… ကသမျှင်ငါးစီးဖေါင်းများ

26/11/2019 15:00 PM တွင် နှင်းဖြူ ဖြူ နှင်းဖြူ ဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကသမျှင်ငါးမှာ croaker(ငါးပုတ်သင်) အုပ်စုတွင် ပါဝင်သည်။ တန်ဖိုးကြီး စီဖေါင်းပါပြီး ရှားပါးငါးဖြစ်သည်။ စီဖေါင်းမှန်သမျှ ဈေးကောင်းကြပါသည်။ ငါးစီဖေါင်းမှာ အင်္ဂလိပ်လို (swimbladder (or) gas bladder (or) fish maw (or) air bladder) ဟုခေါ်ဆိုကြပါသည်။ ငါးစီဖေါင်းများတွင်  ကသမျှင်ငါးစီးဖေါင်းများသည် အလွန်ဈေးကောင်းပြီး သိန်းရာချီ အဖိုးတန်လှပေသည်။ အထီးမှာ စီဖေါင်းအသားထူပြီး အမထက် ဈေးပိုရပါသည်။ ဥပမာ - ငါးတစ်ကောင် ပိဿာ (၂၀)ရှိလျှင် စီဖေါင်းခန့်မှန်းခြေ (၂၀) သား လောက်ရှိနိုင်သည်ဟု ကျွမ်းကျင်သူများ ခန့်မှန်းကြပါသည်။ 

ထိုငါးများမှာ ရှားပါးငါးမျိုးစိတ်ဖြစ်ပြီး ငါးများ၏ အကောင်အရွယ်အစားမှာ (၆)ပေခွဲခန့် မျှ ကြီးထွားနိုင်ပြီး အလေးချိန်အားဖြင့် (၁၀၀) ကီလိုဂရမ်ထိရှိတတ်ပါသည်။ အရောင်မှာ ရွှေရောင်၊ ငွေရောင် (၂)မျိုးရှိသည်ဟု သိရပါသည်။ ထိုငါးများမှာ ရေချိုနှင့် ရေငန် ပေါင်းစပ်သည့် မြစ်ချောင်းများထဲ၌ နေထိုင်တတ်ကြပါသည်။ ငါးစီဖေါင်းမှာ ငါးအားလုံးတွင် မပါရှိကြပါ။ အရိုးများသောငါး၊ ရေချိုငါးများနှင့် ပင်လယ်ငါးအချို့၌သာ ပါရှိပါသည်။ 

ကသမျှင်ငါးများကို ကံကောင်းသူများမှသာ ရမိကြတတ်ပါသည်။ ထိုငါးများမှာ ပိုက်တွင် ဖမ်းမိသည်နှင့် တစ်ပြိုင်နက် သေဆုံးကုန်သည်က များပါသည်။ အရှင်မိဖို့ အလွန်နည်းပါးလှပါသည်။ တကူးတက ရှာဖွေဖမ်းဆီးပါက မရတတ်သလို ကံစပ်မှသာ ရမိကြသည်ဟု သိရပါသည်။ ထိုငါးရပါက ရေလုပ်သားများသည် ထီဆုကြီးပေါက်သကဲ့သို့ ပျော်ရွှင်ကြပါသည်။ ကသမျှင်ငါးရပြီးတည်းက ငါးလုပ်သားများ ငါးဖမ်းတာကိုရပ်လိုက်ကြရပါသည်။ ဆက်ဖမ်းပါက ရှိသမျှကုန်သည်ဟု ဆိုကြပါသည်။ 

ကသမျှင်ငါးကို

Scientific Name  - Bahaba taipingensis

English Name     - Chinese Bahaba (or) Yellow Croaker ဟုသိရပါသည်။ 

ကသမျှင်ငါးကို ဖမ်းမိပါက စီဖေါင်းအနေအထားသိရှိရန် ဝမ်းဗိုက်ကို လက်ဖြင့်စမ်းပြီး စီဖေါင်းအထူအပါးကို ခန့်မှန်းပြီး ဈေးပေးကြပါသည်။  

ကသမျှင်ငါးစီဖေါင်းမှာ လူမမာများအတွက် အင်အားပြည့်ဖြိုးစေသည်ဟု သိရပါသည်။ နှလုံးကို အကျိုးပြုသည်ဟုလည်း သိရဖူးပါသည်။ တရုတ်လူမျိုးများ ဆေးဝါးဖော်စပ်ရာ၌လည်းသုံးကြပြီး အလွန်အဖိုးတန်လှပါသည်။ ထို့ပြင် တန်ဖိုးကြီးရေမွှေးများထုတ်လုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ အာရပ်လူမျိုးများ ကလေးမွေးပြီး မီးနေသည့်ဘဝမှာ ကသမျှင်ငါးစီဖေါင်းကို မီးရှို့အငွေ့ရှူကြသည်ဟု ဆိုကြပါသည်။ တချို့တရုတ်လူမျိုးနွယ်စုတစ်မျိုးမှာ ယောက်ျား (သို့မဟုတ်) မိန်းမ တင်တောင်းရာတွင် သုံးကြပါသည်။ 

ကသမျှင်ငါးကို Lucky ငါးဟုလည်း ခေါ်ဆိုကြပါသည်။ စီဖေါင်းကို တချို့မှာ နေပူမလှန်းကြသည်မှာ အလေးချိန်စီးအောင်ဖြစ်ပါသည်။ စီဖေါင်းတွင် သွေးစွန်းရာ၊ ပွန်းပဲ့ရာ၊ စီဖေါင်းအတံရှည်ထိပ်ပိုင်းလေး ပဲ့နေပါက ဈေးကောင်းမရကြပေ။ ထို့ကြောင့် ယခုနောက်ပိုင်း အကောင်လိုက်ရောင်းကြခြင်းဖြစ်ပါသည်။ စီဖေါင်းအရောင်လှလေ ဈေးကောင်းရလေဖြစ်သည်။ အထီးစီဖေါင်းက ရှည်မျောမျောလေးဖြစ်ပြီး အမစီဖေါင်းက ဝိုင်းသည်ဟု ဆိုကြပါသည်။ အထီးစီဖေါင်းမှာ အလယ်ကထူပြီး ဘေးပတ်ချာလည်က ပါးပါသည်။ အမစီဖေါင်းက တစ်ချပ်လုံးပါးပါသည်။ ကျည်ကာမှန်ပြုလုပ်ရာမှာလည်း အသုံးပြုကြပါသည်။ ကသမျှင်ငါး ရွှေရောင်နှင့် ငွေရောင် (၂)မျိုးတွင် ရွှေရောင်က ဈေးပိုရပါသည်။ စီဖေါင်းအခြောက်ကို နေရောင်တွင် ထောင်ကြည့်ပါက ရွှေရောင်လဲ့လဲ့၊ ငွေရောင်အမှုန်လေးများ မြင်တွေ့ရပါသည်။ 

အသားမှာ ကြမ်းသည်ထင်ရသော်လည်း အရသာရှိသော ငါးတစ်မျိုးဖြစ်ပါသည်။ အသားကနူးညံ့၍ အရေခွံမှာ စားလျှင် ထုတ်ထုတ်နှင့် စား၍ကောင်းသည်ဟု ဆိုကြပါသည်။ အသားရော စီဖေါင်းပါ အသုံးဝင်လှပါပေသည်။ 

ပင်လယ်ပြာ(ငါးလုပ်ငန်းဦးစီးဌာန)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်