ဟင်းသီးဟင်းရွက် ပြပွဲပြိုင်ပွဲ၊ ဈေးကွက်ချိတ်ဆက်ခြင်းနှင့် နည်းပညာနှီးနှောဖလှယ်ပွဲ

03/02/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရခိုင်ပြည်နယ်ရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးနှင့် ဈေးကွက်ဖွံ့ဖြိုးရေးစီမံကိန်း၏ ဟင်းသီးဟင်းရွက် ပြပွဲပြိုင်ပွဲ၊ ဈေးကွက်ချိတ်ဆက်ခြင်းနှင့် နည်းပညာနှီးနှောဖလှယ်ပွဲကို ၂၀၂၀ ခုနှစ်၊ ဖေဖောဝါရီလ (၅) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ခိုင်သဇင်ခန်းမတွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။ 

ပြပွဲကို နည်းပညာနှီးနှောဖလှယ်ပွဲများ၊ ပညာပေးဟောပြောပွဲများ၊ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းပြခန်းများ၊ ဟင်းသီးဟင်းရွက် ပြပွဲပြိုင်ပွဲ ဆုချီးမြှင့်ပွဲများနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်လို့ မည်သူမဆို လာရောက်လေ့လာပါဝင်နိုင်ပါကြောင်း လေးစားစွာဖြင့် ဖိတ်ခေါ်လိုက်ပါရစေ။

နေ့ရက်  - ဖေဖော်ဝါရီ (၅) ရက်၊ ၂၀၂၀ခုနှစ်။

အချိန်   - နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀

နေရာ   - ခိုင်သဇင်ခန်းမ၊ စစ်တွေမြို့။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်