‌ငါးမွေးမြူရေးကန်၏ရေအရည်အသွေး၊ မြေအရည်အသွေးနမူနာများအားဓာတ်ခွဲခန်းသို့ ပေးပို့စစ်‌ဆေးရာတွင် လိုအပ်သည့်အချက်များ

06/06/2022 11:00 AM တွင် Rio Amora Rio Amora မှ ရေးသား

 

ရေနမူနာများပေးပို့ရာတွင်

-အနည်းဆုံးရေ ၁လီတာအား နမူနာပေးပို့ရပါမည်။

-နမူနာယူသည့် ကန်အမည်၊ အချိန်၊ ရက်စွဲများဖော်ပြပေးရပါမည်။

-အောက်ဆီဂျင်ပျော်၀င်မှုတိုင်းတာရန်အတွက် ပေးပို့သည့် နမူနာရေဘူးအား နေရောင်ခြည်နှင့်တိုက်ရိုက်မထိစေရန် သတင်းစာစက္ကူဖြင့်အလုံပတ်၍‌ ၆နာရီအတွင်း ပေးပို့ရပါမည်။

-ကာဗွန်ဒိုင်အောက်ဆိုက် ပါ၀င်မှုတိုင်းတာရန်အတွက် အပူချိန် ၄ဒီဂရီစင်တီဂရိတ် လျှော့ချသယ်ရမည်။ထိုသို့သယ်ဆောင်ခြင်းဖြင့် ဓာတ်ခွဲရာတွင်တိကျမှုအကောင်းဆုံး ဖြစ်ပြီး ဝေးလွန်းသည့်ဒေသဖြစ်ပါက ဓာတ်ခွဲခန်းသို့ ၅ရက်အတွင်း အရောက်‌ပေးပို့ရမည်။

 

မြေနမူနာများပေးပို့ရာတွင်

-မြေနမူနာများအား အတက်နိုင်ဆုံး ရေပါ၀င်မှုနည်းသောနေရာမှမြေသားကိုယူရမည်။

-‌မြေနမူနာ အနည်းဆုံး၁၅ကျပ်သားခန့် ပေးပို့စစ်ဆေးရမည်။

-နမူနာယူသည့် ကန်အမည်၊ အချိန်၊ ရက်စွဲများဖော်ပြပေးရပါမည်။

-ကန်အသစ်မှမြေသားဖြစ်ပါက အနက် ၃ပေ သို ၅ပေ မှမြေသားအား‌ပေးပို့ရမည်။

-ကန်အဟောင်းဖြစ်ပါက အနက် ၁ပေ မှမြေသားအားပေးပို့ရမည်။

-ကန်အကျယ် ၁ဧကအတွင်းအနည်းဆုံး မြေနမူနာ ၁ခုပေးပို့ရမည်။

-စစ်‌ဆေးမည့်မြေနမူနာများအား ၅ရက်အတွင်း ဓာတ်ခွဲခန်းသို့ ပေးပို့ရမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 

 

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်