ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်ပေးမယ့် ဖရဲသီး Smoothie ဖျော်ရည်

16/01/2020 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အားလုံးပဲ မင်္ဂလာပါ။ ကိုလက်စတောဓါတ် လုံးဝမပါ။ အဆီဓါတ်လည်း လုံးဝမပါတဲ့ သစ်သီးဖျော်ရည်များ သောက်သုံးချင်သူများအတွက် ဖရဲသီး Smoothie ဖျော်ရည် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ဒီဖျော်ရည်လေးက ဗီတာမင် အေ၊ ဗီတာမင် B6 နဲ့ ဗီတာမင်စီတို့လည်း ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။ ဒါ့အပြင် အုန်းရည်လေး အနည်းငယ် ရောထည့်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ကို ရေဓါတ်ဖြည့်တင်းပေးတဲ့အတွက်ကြောင့် လန်းဆန်းတက်ကြွစေပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

  • ဖရဲသီး ၃ပုံ ၁ပုံ (ပါးပါးလှီးထားပါ)

  • နာနတ်သီး တစ်စိပ် (ပါးပါးလှီးထားပါ)

  • ငှက်ပျောသီးမှည့် တစ်ဝက် (ပါးပါးလှီးထားပါ)

  • အုန်းရည် ၁၂၅ မီလီလီတာ

  • ဒိန်ချဥ် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် သံပယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဖရဲသီး စိပ်၊ နာနတ်သီးနှင့် ငှက်ပျောသီးတို့ကို အတုံးခပ်သေးသေးတုံးထားလိုက်ပါ။

၂။ သစ်သီးဖျော်စက်ထဲသို့ ထိုသစ်သီးများ အားလုံးထည့်ပြီး အနှစ်များရအောင် မွှေပေးလိုက်ပါ။

၃။ ထို့နောက် အုန်းရည် ၁၂၅ မီလီလီတာ၊ ဒိန်ချဥ် စားပွဲတင်ဇွန်း ၂ ဇွန်း နှင့် သံပရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း တို့ထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။

အားလုံးသမသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဖရဲသီး Smoothie ဖျော်ရည်လေးရရှိသွားပါပြီ။ ဖန်ခွက်ထဲထည့်ကာ အရသာရှိရှိသောက်သုံးနိုင်ပါပြီ။

Source: Pickledplum.com

MyFood Myanmar website မှ ကူးယူဖော်ပြပါသည်။

 

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်