တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်

28/08/2021 17:00 PM တွင် AMIA AMIA မှ ရေးသား

(၂၃.၈.၂၀၂၁ မှ ၂၇.၈.၂၀၂၁) ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ

ဆန်

ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးတွေ မြင့်တက်လာပါတယ်။ လက်ရှိအချိန်အထိ နယ်ကုန်စည်ဒိုင်တွေမှာ အချို့အရောင်းအဝယ်မရှိတဲ့အပြင် ရန်ကုန်အဝင်နည်းတဲ့အတွက် ဈေးကွက်ထဲ အဝင်နည်းလာပါတယ်။ အဝင်နည်းတဲ့အပြင် ပြည်တွင်းဝယ်ယူမှုကလည်း မြင့်တက်လာတဲ့အတွက် တစ်ပတ်အတွင်းဈေးတွေ မြင့်တက်လာတာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ဖျာပုံပေါ်ဆန်းမွှေးက တစ်အိတ်ကို ၄၁၀၀၀ ကနေ ၄၃၀၀၀ ပေါက်ဈေးရှိပြီး တစ် အိတ်ကို ၁၀၀၀ ကျပ်၊ ဒေးဒရဲပေါ်ဆန်းမွှေး(သစ်)က တစ်အိတ်ကို ၃၉၅၀၀ ကနေ ၄၁၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ မြောင်းမြပုသိမ်ပေါ်ဆန်းမွှေး(သစ်)က တစ်အိတ်ကို ၄၄၀၀၀ ကနေ ၄၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံ(သစ်)က တစ်အိတ်ကို ၄၁၀၀၀ ကနေ ၄၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၅၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းသစ်ကတော့ တစ်အိတ်ကို ၄၇၅၀၀ ကနေ ၅၂၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ကျပ် အသီးသီး ဈေးတက်လာခဲ့ပါတယ်။

ဒုတိယတန်းစားဖြစ်တဲ့ ဧည့်မထ(သစ်)က တစ်အိတ်ကို ၂၃၃၀၀ ကနေ ၂၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်၊ မြီးဒုံဆန်က တစ်အိတ်ကို ၃၄၅၀၀ ကနေ ၃၆၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ ဆန်သီးထပ်က တစ်အိတ်ကို ၂၃၅၀၀ ကနေ ၂၄၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

မတ်ပဲ

မတ်ပဲကတော့ တစ်ပတ်အတွင်း ပြည်တွင်းငွေလဲလှယ်နှုန်းဈေး၊ အိန္ဒိယနိုင်ငံအတွင်း မတ်ပဲဈေးမြင့် တက်မှုတွေကြောင့် ဆက်တိုက်မြင့်တက်ခဲ့ပေမယ့် အတက်အကျကတော့ တည်ငြိမ်မှုမရှိပါဘူး။

အိန္ဒိယနိုင်ငံတွင်း ရာသီဥတုဆိုးရွာစွာပျက်စီးမှုတွေကြောင့် ပဲစိုက်ခင်းပျက်စီးမှုတွေရှိခဲ့တဲ့အတွက် ပြည်ပ ပဲတွေကို ပိုမိုအဝယ်လိုက်လို့ ဈေးတွေမြင်တက်နေခဲ့တာဖြစ်လို့ အိန္ဒိယသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မတ်ပဲကတော့ လက်ရှိမှာ တစ်တန်ကို ၁၃၄၀၀၀၀ ထိ ဈေးတက်လာပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ငွေကျပ် ၂ သောင်းနီးပါးဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်လနီးပါးကုန်စည်ဒိုင်ပိတ်ထားခဲ့ပြီး ယခု ပြန်လည်ဖွင့်တဲ့အချိန်မှာတော့ မတ်ပဲက သုံးတင်းဝင်တစ်အိတ်ကို ၁၃၅၀၀၀ ပေါက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။

ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၄၅၀၀  ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်လောက် ဈေးတက်လာပါတယ်။ 

မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၄၃၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ လောက်ဈေးတက်လာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီလည်း ဒီတစ်ပတ်မှာ ဈေးတက်လာပြီး မတ်ပဲနဲ့ ဈေးသိပ်မကွာတဲ့အနေအထားကို ရောက်ရှိနေပါတယ်။ ပြည်တွင်းငွေလဲလှယ်နှုန်းမြင့်တက်လာတဲ့အတွက် ဈေးတွေကလည်း မြင့်တက်နေတာဖြစ်ပါတယ်။ မြန်မာကျပ်ငွေ ဈေးကျဆင်းတာဖြစ်တဲ့အတွက်ကြောင့် လက်ရှိတက်ဈေးများသည် ထင်သလောက် အကျိုးအမြတ်မရှိဘူးလို့လည်း ကုန်သည်တွေက ဆိုပါတယ်။ 

အိန္ဒိယမှာလည်း ပဲစင်းငုံနီက ပဲရှားပါးမှုကြောင့်ဈေးတွေမြင့်တက်နေပြီး မြန်မာ့ပဲစင်းငုံနီတွေလည်း အဝယ်လိုက်နေတယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၃ သိန်း ၃ သိန်းကျော်အထိ ဈေးမြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ငွေကျပ် ၂ သောင်းနီးပါးဈေးထပ်တက်လာခဲ့ပါတယ်။

မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၂၅၀၀၀ နဲ့ ဈေးစဖွင့်ပါတယ်။ 

ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၂၀၀၀  ပေါက်ဈေးရှိပြီး  တစ်တင်းကို ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။

အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၂၀၀၀  ကျပ်ရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ကုလားပဲ

ကုလားပဲကတော့ ရန်ကုန်ဈေးကွက်မှာငြိမ်နေပြီး နယ်ဈေးကွက်တွေမှာတော့ ဈေးက ဆက်တိုက် တက်နေပါတယ်။ ဈေးတွေတက်နေပေမယ့် ပစ္စည်းလက်ကျန်မရှိတဲ့အတွက် အရောင်းအဝယ်ကတော့ ထင်သလောက်မရှိဘူးလို့ ကုန်သည်တွေကဆိုပါတယ်။ အသစ်မဝင်ခင်အထိ ဈေးက ဆက်ပြီးတက်နိုင်သေးပြီး အမြင့်ဆုံး တစ်တင်းကို ငွေကျပ် ၅၀၀၀၀ အထိ တက်နိုင်မယ်လို့ ခန့်မှန်းမှုများ ရှိပါတယ်။

ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၁၉၅၀ ကနေ ၂၀၀၀ ကျပ် ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၂၁၆၅ ကနေ ၂၂၀၀ ကျပ်နဲ့ ဈေးငြိမ်ပါတယ်။ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၂၆၅၀ ကနေ ၂၇၀၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေးတက်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ ဈေးစဖွင့်တဲ့အချိန်မှာ ကုလားပဲ v2 က တစ်အိတ်ကို ၁၂၉၀၀၀ ကနေ ၁၃၀၀၀၀ ကျပ်၊ ကုလားပဲ v7 က တစ်အိတ်ကို ၁၂၈၀၀၀၊ ကုလားပဲ 929က တစ်အိတ်ကို ၁၂၀၀၀၀ ကနေ ၁၂၁၀၀၀၊ ကုလားပဲ(ထိုင်ဝမ်)ကတော့ ၁၁၃၀၀၀ ကနေ ၁၁၄၀၀၀ အသီးသီးပေါက်ဈေးရှိပါတယ်။

ဆင်ဖြူကျွန်းမှာတော့ ကုလားပဲ(HL) နဲ့ (ထိုင်ဝမ်) တစ်တင်းကို ၃၈၀၀၀ ကျပ်ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ပြည်ဈေးကွက်မှာတော့ ကုလားပဲ (Hl) ကတော့ တစ်တင်းကို  ၄၁၅၀၀ ကနေ ၄၂၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ လောက်ဈေးပြန်ကျဆင်းသွားပါတယ်။

အာလူး

အာလူးဈေးတွေလည်းပြန်ပြီး မြင့်တက်လာပါတယ်။ ပြည်တွင်းဝယ်ယူမှုများပြီး ရန်ကုန်ဈေးကွက်ထဲ အဝင်နည်းတဲ့အတွက် ဈေးတွေတက်လာတာဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ အာလူး(အောင်ပန်း)က တစ်ပိဿာကို ၅၂၀ ကနေ ၁၃၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ လောက်ဈေးတက်လာပါတယ်။

မော်လမြိုင်ဈေးကွက်မှာလည်း တစ်ပိဿာကို ၁၁၀၀ ပေါက်ဈေးရှိပြီး ၁၀၀ လောက်ဈေးမြင့်တက်လာပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်