တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်

10/07/2021 15:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

၅.၇.၂၀၂၁ မှ ၉.၇.၂၀၂၁) ထိ တစ်ပတ်အတွင်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ

မတ်ပဲ

မတ်ပဲကတော့ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင်ဈေးတက်လာပါတယ်။ ပြည်ပတင်ပို့မှုရှိနေပြီး ပြည်တွင်း လက်ကျန် လျော့နည်းနေလို့ ဈေးတက်နေတယ်လို့သိရပါတယ်။ စင်ကာပူနိုင်ငံက ကုန်သည်တွေရဲ့  ဝယ်ယူမှုတွေရှိနေလို့ ဈေးကတက်နေတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

အိန္ဒိယက ပဲဝယ်ယူမှုနဲ့ပတ်သတ်ပြီး လက်မှတ်ထိုးခဲ့ပေမယ့် သိပ်မကြာခင် အိန္ဒိယအစိုးရက ပဲသိုလှောင်ခွင့်ကို တန်ချိန် ၂၀၀ သာခွင့်ပြုမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် မြန်မာ့ ပဲတွေကို ကုန်သည်တွေက ဝယ်ယူဖို့ တန့်သွားခဲ့ပြီး စောင့်ကြည့်နေတဲ့အခြေအနေဖြစ်နေပါတယ်။

ထုတ်ပြန်ချက်ကြောင့် မြန်မာ့မတ်ပဲဈေးက ယခုဈေးထပ် တက်နိုင်ခြေမရှိနိုင်တော့ပဲ ပဲဈေးက ကျဆင်းနိုင်ဖွယ်ရှိတယ်လို့လည်း သုံးသပ်မှုတွေ ရှိနေခဲ့ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်ကြောင့်လည်း အိန္ဒိယကုန်သည်တွေက ဆန္ဒပြမှုတွေ လုပ်နေပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ(FAQ/RC) က တစ်တန်ကို ၁၁၅၀၀၀၀နီးပါးဈေးတက်လာခဲ့ပြီး  တစ်ပတ်အတွင်း တစ်တန်ကို ၅ သောင်းနီးပါးဈေးတက်လာခဲ့ပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၁၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ် ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၆၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။

ပြည်ဈေးကွက်မှာလည်း တစ်တင်းကို ၃၇၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။

လတ်တလောကတော့ မြန်မာ့မတ်ပဲက အိန္ဒိယနိုင်ငံအပြင် အခြားနိုင်ငံက ဝယ်ယူမှုနေလို့ ဈေးတက်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ကာလတူအခြေအနေနဲ့ နှိုင်းယှဉ်ရင် ၂၀၂၁ ယခုကာလမှာ တစ်တန်ကို ၁၅၀၀၀၀ နီးပါးတက်လာခဲ့ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ပြည်တွင်းမှာ လက်ကျန်မရှိတော့တဲ့အခြေအနေမို့ ဈေးက အတက်ဈေးနဲ့ပဲ မာနေတယ်လို့ ဆိုလို့ရပါတယ်။

ပြီးခဲ့တဲ့အပတ်က အိန္ဒိယမှာ ပဲစင်းငုံနီဈေးတွေ ကျဆင်းနေပေမယ့် ဒီတစ်ပတ်မှာတော့ ပဲစင်းငုံနီ တွေကအကျရပ်ပြီးဈေးငြိမ်နေတယ်လို့ အိန္ဒိယပဲဈေးကွက်တွေအရသိရပါတယ်။

ပဲစင်းငုံနီကလည်း အိန္ဒိယက အဓိက ဝယ်ယူနေတဲ့ပဲ ဖြစ်လို့ တစ်ပတ်အတွင်း တစ်တန်ကို ၃၀၀၀၀ နီးပါးဈေးတက်လာခဲ့တာပါ။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီကတစ်တန်ကို ၁၁၃၀၀၀၀  ပေါက်ဈေးရှိပြီး  တစ်တန်ကို ၃၀၀၀၀ နီးပါးဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ၁၀၅၀၀၀ ကနေ ၁၀၆၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၅၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ကျပ် ဈေးတက်လာပါတယ်။

အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၆၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ကာလတူအခြေအနေနဲ့ နှိုင်းယှဉ်ရင် တစ်တန်ကို ၃ သိန်းကျော်ဈေးတက်လာခဲ့ပြီး လက်ရှိကာလကတော့ အမြင့်ဆုံးရရှိနေတဲ့အနေအထားဖြစ်နေပါတယ်။

ကုလားပဲ

ကုလားပဲကတော့ အိန္ဒိယနိုင်ငံ ပွဲတော်ကာလမတိုင်ခင် ဝယ်ယူမှုမြင့်တက်နေတဲ့အတွက် ဈေးတွေက တက်နေပါတယ်။ ပြည်တွင်းမှာလည်း လက်ကျန်လျော့နည်းနေပြီး သယ်ယူစရိတ်၊ တင်ပို့မှု စရိတ်များပြားနေလို့ ကုလားပဲဈေးက ဆက်တိုက်တက်နေခဲ့ပါတယ်။

ကုလားပဲကတော့ လက်ရှိပေါက်ဈေးနဲ့ပဲ အတက်အကျအနည်းငယ်သာရှိနိုင်ပြီး ဈေးက ဆက်မာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၁၆၃၀ မှ ၁၆၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၄၀ ကျပ်ဈေး တက်လာပါတယ်။ ကုလားပဲလုံးဖြူ(ကြီး)ကတော့ တစ်ပိဿာကို ၁၇၅၀ မှ ၁၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျော်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)ကတော့ တစ်အိတ် ၈၈၀၀၀ ကနေ ၉၀၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ကုလားပဲ (929) ကတော့ တစ်အိတ်ကို ၉၁၅၀၀ ကနေ ၉၂၀၀၀ ပေါက်ဈေး ရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲ (v2) ကတော့ တစ်အိတ်ကို ၁၀၀၀၀၀ ပေါက်ဈေးရှိပြီး ၆၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲ V7 က တစ်အိတ်ကို ၉၇၀၀၀ ကနေ ၉၈၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

မုံရွာဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်တင်းကို ၃၀၅ ပေါက်ဈေးရှိပြီး ၁၃၀၀ ကျပ်၊ ကုလးပဲ (929) ကတော့ တစ်တင်းကို ၃၀၈၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ ကုလားပဲ v2 ကတော့ တစ်တင်းကို ၃၃၃၀၀ ကျပ်ရှိပြီး ၂၃၀၀ ကျပ်အသီးသီးဈေးတက်လာပါတယ်။

အောင်လံဈေးကွက်မှာတော့ ကုလားပဲ(ဟော်လန်)က တစ်တင်းကို ၃၃၃၀၀ ပေါက်ဈေးရှိပြီး ၁၇၀၀ ကျပ် ဈေးတက်လာပြီး ကုလားပဲ(မြကြေး)ကတော့ တစ်တင်းကို ၃၁၅၀၀ နဲ့ ၅၀၀ကျပ် ဈေးတက်လာပါတယ်။

ကုလားပဲကလည်း ပြီးခဲ့တဲ့ ကာလတူအခြေအနေနဲ့ နှိုင်းယှဉ်လိုက်ရင် တစ်အိတ်ကို ငွေကျပ် ၃၀၀၀၀ နီးပါးဈေးတက်လာခဲ့ပြီး အမြင့်ဆုံးဈေးရရှိနေပါတယ်။

ပဲပုတ်

ပဲပုတ်ကလည်း ဆက်တိုက်ဈေးတက်နေခဲ့ပါတယ်။ ပြည်တွင်း ဝယ်ယူမှုလည်း မြင့်တက်နေပါတယ်။လက်ကျန် ကလည်း လျော့နည်းနေပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့  ပဲပုတ်(မြစ်ဝကျွန်းပေါ်)က တစ်ပိဿာကို ၁၄၆၅ ကနေ ၁၅၃၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲပုတ်(ဗမာ)က တစ်အိတ်ကို ၁၀၅၀၀၀ ကနေ ၁၁၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပဲပုတ်(ရှမ်း)ကတော့ တစ်အိတ်ကို ၇၅၀၀၀ ကနေ ၈၅၀၀၀ ပေါက်ဈေးရှိပြီး ၇၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၆၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မော်လမြိုင်ဈေးကွက်မှာတော့တစ်တင်းကို ၃၁၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။

 

 

 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်