(၁၆.၈.၂၀၂၁ မှ ၂၀.၈.၂၀၂၁) ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
မတ်ပဲ
မတ်ပဲကတော့ တစ်ပတ်အတွင်း ဈေးအပြောင်းအလဲတွေ ရှိခဲ့ပေမယ့် ပြည်တွင်းငွေလဲလှယ်ဈေးနှုန်း ကြောင့် ဈေးက အများကြီးကျဆင်းသွားတာမျိုးမရှိပါဘူး။ အိန္ဒိယနိုင်ငံမှာလည်း မတ်ပဲဈေးက တက်နေတဲ့အတွက် လက်ရှိအချိန်ထိ ဈေးကောင်းရနေပါတယ်။
ကုန်စည်ဒိုင်အများစုက မဖွင့်သေးတဲ့အတွက်ကြောင့် ဖုန်းနဲ့သာ ဈေးဖွင့်ရောင်းချ လုပ်ဆောင်နေရပြီး ကုန်သည်အချင်းချင်းသာ အရောင်းအဝယ်ရှိနေတယ်လို့သိရပါတယ်။
မတ်ပဲကတော့ လက်ရှိမှာ တစ်တန်ကို ၁၃၂၀၀၀၀ ကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးက ထောင်ဂဏန်းသာ ကျဆင်းသွားခဲ့ပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၃၅၀၀ ကနေ ၄၄၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၄၂၅၀၀ ပေါက်ဈေးရှိပြီး ၂၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၁၃ သိန်းထိ ဈေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။ ပဲမရှိတော့ပဲ ပြည်တွင်းငွေလဲလှယ်နှုန်းဈေးတွေ တက်နေခဲ့တာကလည်း ပဲဈေးတွေကို မြင့်တက်နေတာ ဖြစ်ပါတယ်။
၁၃ သိန်းထိ မြင့်တက်နေခဲ့ပေမယ့် ရက်ပိုင်းအတွင်း ဈေးက ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။ ပြည်တွင်း ကုန်သည်တွေအနေနဲ့ ဈေးတွေကို ပြန်ထိန်းတဲ့အနေအထားရှိပြီး အရင်ပဲအဟောင်းတွေကို အတက်ဈေးနဲ့ ပြန်လည်ထုတ်ရောင်းမှုတွေကြောင့် ဈေးက ကျဆင်းသွားတယ်လို့လည်း ကုန်သည်အများစုက ဆိုပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၃သိန်းကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၁ သိန်းနီးပါးဈေးတက်လာခဲ့ပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၀၀၀၀ ကနေ ၄၀၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ လောက်ဈေးတက်လာပါတယ်။
အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၀၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာလည်း ဈေးတက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ အခြား ပဲတီစိမ်းအမျိုးအစားတွေက အတက်ဈေးနဲ့ ငြိမ်နေခဲ့ပြီး ပဲတီစိမ်း (ဝါးခယ်မ)က ဆက်တိုက် တက်နေခဲ့ပါတယ်။အရည်အသွေးကြောင့်ဈေးကောင်းရနေသလို ပြည်ပတင်ပို့မှုအတွက် ဝယ်ယူမှုတွေ ဆက်တိုက် ရှိနေတဲ့အတွက် ဈေးက တက်နေခဲ့တာလည်း ဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၂၁၆၅ ကနေ ၂၂၅၀ ကျပ်၊ ပဲတီစိမ်း(ပဲခူးရွှေဝါ)ကတော့ တစ်ပိဿာကို ၁၉၅၀ ကနေ ၂၀၀၀ ကျပ်၊ ပဲတီစိမ်း(ပခုက္ကူ)ကတော့ တစ်ပိဿာကို ၁၆၁၅ကနေ ၂၂၅၀ ကျပ် အသီးသီး ဈေးငြိမ်နေခဲ့ပါတယ်။
ပဲတီစိမ်း(ဝါးခယ်မ)က တစ်ပိဿာကို ၂၃၀၀ ကနေ ၂၃၃၅ ပေါက်ဈေးရှိပြီး ၁၆၅ ကျပ် ဈေးတက်လာခဲ့ ပါတယ်။
အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၃၅၀၀ ကနေ ၃၄၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၄၀၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲကြီး
ပဲကြီးကလည်း လက်ရှိမှာ အမြင့်ဆုံးဈေးကို ရောက်ရှိနေပါတယ်။ လက်ကျန်လည်းမရှိတဲ့အပြင် တရုတ်က ဝယ်ယူမှုရှိလာတဲ့အတွက် ဈေးကတက်လာတာလို့ သိရပါတယ်။ ပြည်တွင်းငွေလဲလှယ်နှုန်းတွေ မြင့်တက်လာတဲ့အတွက် ပြည်ပပို့ကုန် အများစု ပဲတွေကတော့ ဈေးတွေ တက်လာခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ရွှေကျွန်း)က တစ်ပိဿာကို ၃၁၈၅ ကနေ ၃၃၆၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၀၀ ကျော်ဈေးတက်လာပါတယ်။ ပဲကြီး(ကုန်း)ကတော့ ၂၇၈၀ မှ ၂၈၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျော်ဈေးတက်လာပါတယ်။
အောင်လံဈေးကွက်မှာတော့ ပဲကြီးက တစ်တင်းကို ၄၉၀၀၀ ကနေ ၆၀၀၀၀ အထိ ပေါက်ဈေးရှိပြီး တစ်တင်းကို ၇၀၀၀ လောက်ဈေးတက်လာပါတယ်။
ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၅၂၀၀၀ ကနေ ၅၃၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၆၀၀၀ ကျပ်ဈေးတက်လာပါတယ်။
East West Seed Myanmar ကြော်ငြာ

Shwe La Won

ATRIA

ရွှေမြား

တောင်ပေါ်သား

တောင်ပေါ်သူ