တကယ်ကျန်းမာပျော်ရွှင်တဲ့ မိသားစုလေးဆိုတာ

22/05/2020 12:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    သင့်မိသားစုဟာ ကျန်းမာတဲ့မိသားစု ဟုတ်ရဲ့လား၊ တကယ်ရော ကျန်းမာရေးသုခနဲ့ ကောင်းမွန်ပြည့်စုံနေရဲ့လားဆိုတာ နှိုင်းယှဉ်လေ့လာကြည့်ရအောင်..။

(၁) အိမ်ထောင်ဦးစီးက အလုပ်ကြိုးစားတယ်၊ အချိန်တန်အိမ်ပြန်တယ်။

    တစ်အိမ်သားလုံးရဲ့ဝင်ငွေကို ရှာဖွေနေတဲ့ အိမ်ထောင်ဦးစီးက လုပ်ငန်းတွေမှာ အောင်မြင်နေတဲ့အပြင်၊ အိမ်ကိုလည်း အချိန်မှန်ပြန်လာတယ်ဆိုရင် စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာတဲ့ မိသားစုဖြစ်နေတဲ့ နမိတ်တစ်ခုပါပဲ။

(၂) ကလေးတွေ စားချိန်၊ အိပ်ချိန်မှန်ကြတယ်။

    ကလေးတွေကို သိပ်ပြီး ဆူပူအော်ဟစ်နေစရာမလိုပဲ၊ သူ့အချိန်နဲ့သူအိပ်တယ် စားတယ်ဆိုတာကလည်း ကျန်းမာတဲ့မိသားစုတွေမှာရှိတတ်တဲ့ အမူအကျင့်တစ်ခုပါ။

(၃) ဗီတာမင်ပြည့်ဝတဲ့ ချက်ပြုတ်နည်းတွေကို သိတယ်။

    ကျန်းမာတဲ့မိသားစုတိုင်းမှာ ချက်ပြုတ်တာဝန်ယူရတဲ့ အမေ (သို့) ဟင်းချက်သူက ဗီတာမင်၊ အာဟာရဓာတ်တွေပြည့်ဝအောင် ဘယ်လိုချက်ပြုတ်ရမလဲသိပါတယ်။ သိပ်တော်တဲ့မေမေတွေဟာ နေ့တိုင်း အရွက်ကြီးပဲမကြော်သလို၊ နေ့တိုင်း အသားချည်းပဲလည်း မချက်ပါဘူး။ အာဟာရကို မျှမျှတတ ချက်တတ်ကြပါတယ်။

(၄) ကလေးတွေရဲ့အနီး တိရစ္ဆာန်တွေကို မမွေးမြူဘူး။

    ကျန်းမာတဲ့မိသားစုအများစုဟာ ကလေးတွေရဲ့အနီးအနားမှာ တိရစ္ဆာန်တွေကို မထားပါဘူး။ ထားရင်လည်း အချိန်မှန် ရေချိုး၊ သန့်ရှင်းရေးလုပ်ပေးတတ်မှ ထားရပါမယ်။

(၅) မိသားစု လမ်းလျှောက်ကြတယ်။

     ညနေတိုင်း သို့မဟုတ် ခြံဝန်းထဲမှာဖြစ်ဖြစ် နေ့တိုင်းလမ်းလျှောက်ကြတယ်။ အားကစားပြုလုပ်ကြတယ်။ အစာလည်းကြေ၊ ကျန်းမာရေးလည်းကောင်းအောင်ပေါ့။

 နန်းထက်ထက်ချစ်(ABM)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်