“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ် ခင်ဗျ။
ယခုတစ်ပတ်မှာတော့ သတင်း ရဲ့ အကြောင်းကို တောင်သူ ဦးလေး/ ဒေါ်လေးတို့အတွက် မျှဝေပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျ။
သတင်းဆိုတဲ့ စကားလုံးဟာ အသစ်ဖြစ်ခြင်းဆိုသည့် ဝေါဟာရမှ ဆင်းသက်လာခြင်း ဖြစ်ပါတယ်။
အလွယ်ကူဆုံးပြောရလျှင် သတင်းဆိုသည်မှာ အသစ်ဖြစ်ပြီး အရေးကြီးကာ လူအများစိတ်ဝင်စားတဲ့ သတင်းအချက်အလက်ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ သတင်းဟာ ဆိုရင် သတင်းဖြစ်ပွားတဲ့နေရာ၊ စာဖတ်ပရိတ်သတ်၊ သတင်းစာဆရာနဲ့ အယ်ဒီတာတွေရဲ့ ဆုံးဖြတ်ချက် စတဲ့ အချက်အလက်တွေနဲ့လည်း ဆက်စပ်နေပါတယ်။
ဥပမာအားဖြင့် - ဒေသတစ်ခုရှိ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရသည့် သတင်းသည် အဆိုပါဒေသတွင်ထုတ်ဝေသော သတင်းစာ (သို့မဟုတ်) ၎င်းဒေသတွင်ရှိသော မီဒီယာများအတွက် အရေးကြီး သတင်းအချက်အလက်တစ်ခု ဖြစ်သော်လည်း အခြားဒေသတစ်ခုအတွက် (သို့မဟုတ်) အခြားမြို့ရှိ ပြည်သူများအတွက်မူ ၎င်းသတင်း၏ တန်ဖိုးသည် စဥ်းစားရမည့် အချက်ဖြစ်ပါသည်။
အချုပ်အားဖြင့် ပြောရရင်တော့ သတင်းဟာ နေရာ၊ ဒေသ၊ အခြေအနေများအပေါ် မူတည်ပြီး စိတ်ဝင်စားမှုနဲ့ တန်ဖိုးရှိမှု ပြောင်းလဲနိုင်တဲ့ သတင်းအချက်အလက်ဖြစ်တယ် ဆိုတာကို ဆိုလိုခြင်းဖြစ်ပါတယ် ခင်ဗျ။ ဒီလောက်ဆိုရင် သတင်းရဲ့ သဘောတရားကို တောင်သူ ဦးလေး ဒေါ်လေးတို့ သိသွားမယ်လို့ ယုံကြည်ပါတယ် ခင်ဗျ။
Mido Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။
Source- https://curriculum.realornotmm.info/mil-curriculum-book/3/
ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါးလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
တောင်သူများနှင့် ဒစ်ဂျစ်တယ် နည်းပညာ
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ