ဂျီပီအက်စ် (GPS) စနစ်ဆိုတာ ဘာလဲ ? 

26/10/2020 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

      “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ Messenger Room ကနေ တိုက်ရိုက်လွှင့်တဲ့အကြောင်း  မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ဒီတစ်ခါမှာတော့ဂျီပီအက်စ် (GPS) အကြောင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။ ဂျီပီအက်စ် (GPS) ကို မြန်မာမှုပြု ရရင်တော့ (ကမ္ဘာလုံးဆိုင်ရာ တည်မှတ်ရှာဖွေရေးစနစ်) လို့ ပြောလို့ ရပါတယ်။ ယခင်က မြေပုံတစ်ချပ်၊ လမ်းညွှန် သံလိုက်အိမ်မြောင် တစ်လက်နဲ့ မိမိသွားလိုရာ (သို့) မိမိရောက်ရှိနေတဲ့နေရာကို ခက်ခက်ခဲခဲရှာဖွေ တွက်ချက်ခဲ့ကြရပါတယ်။ ယခု ဂျီပီအက်(စ်)တစ်လုံးနဲ့ ကိုယ်ဘယ်နေရာမှာ ရောက်ရှိနေတယ်။ သွားလိုတဲ့အရပ်က ဘယ်မှာရှိတယ်။ ဘယ်လမ်းကြောင်းကသွားရင် အတိုဆုံးဖြစ်မယ် စတာတွေအထိ ဂျီပီအက်(စ်) လမ်းညွှန်မှု စနစ်နဲ့ ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။ 

      ဂျီပီအက်စ် တပ်ဆင်ထားတဲ့ ကား၊ ဖုန်း စတဲ့ အရာတွေကို တည်နေရာ၊ ရောက်ရှိနေရာနဲ့ မြေပုံတွေကို ပြသပေးနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ ဂျီပီအက်(စ်)စနစ်ဟာ နိုင်ငံတကာသုံး စံ လမ်းညွှန်စနစ်တစ်ခု ဖြစ်လာပါတယ်။ ဂျီပီအက်(စ်) ကို အသုံးပြုပြီး မိမိစိုက်ခင်းရဲ့ အခြေအနေ၊ မြေမျက်နှာသွင်ပြင်၊ ရေရရှိနိုင်မှုတို့ကို လေ့လာနိုင်သလို စိုက်ပျိုးရေးသုံး စက်ပစ္စည်း ကိရိယာတွေမှာလည်း တပ်ဆင်အသုံးပြု နိုင်ပါတယ်။ တောင်သူဦးကြီးတွေ ဂျီပီအက်စ်ရဲ့  အသုံးဝင်ပုံနဲ့ သဘောတရားလေးတွေ နားလည်သွားမယ်လို့ ယုံကြည်ပါတယ် ခင်ဗျ။ 

      ယခင်တစ်ပတ်က Messenger Room ကနေ တိုက်ရိုက်လွှင့်တဲ့အကြောင်း ဖော်ပြခဲ့တဲ့  ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

messenger room (စကားပြောခန်း)ကနေ ဖေ့စ်ဘုတ်မှာ ဘယ်လိုတိုက်ရိုတ် လွှင့်မလဲဆိုတာ လေ့လာကြည့်ရအောင်

source: https://burma.irrawaddy.com/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်