ယူနီကုဒ် ဆိုတာ ဘာလဲ?

22/06/2021 10:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

   အတော်ကြာ ရပ်နားခဲ့ရတဲ့ အစိမ်းရောင်လမ်းရဲ့ “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး တောင်သူတွေ ရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာပါပြီ ခင်ဗျ။ ယခုတစ်ပတ်မှာတော့ ယူနီကုဒ် ရဲ့ အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။

   ယူနီကုဒ်ဆိုတာ ကမ္ဘာပေါ်မှာရှိသမျှ ဘာသာစကားတွေရဲ့ အက္ခရာ စာလုံး တစ်လုံးစီတိုင်းကို ဖော်ပြနိုင်အောင် သီးသန့်နံပါတ်တစ်ခု စံသတ်မှတ်ပေးထားတဲ့ စနစ်ဖြစ်ပါတယ်။ ပိုပြီးရှင်းအောင် ပြောရရင် ကွန်ပျူတာနည်းပညာတွေ၊ အင်တာနက်တွေ ခေတ်စားလာပြီးတဲ့အချိန်မှာ တစ်ကမ္ဘာလုံးက ဘာသာစကားတွေအတွက် အရှုပ်အထွေးမဖြစ်အောင် တီထွင်လိုက်တဲ့စနစ်ပါ။ 

   မြန်မာနိုင်ငံမှာရှိတဲ့ ဝက်ဘ်ဆိုက် အများစုဟာလည်း ယူနီကုဒ် သုံးစွဲနေပြီဖြစ်တာကြာင့် တစ်ဦးနဲ့တစ်ဦး အဆင်ပြေပြေ ဆက်သွယ်နိုင်ဖို့ ယူနီကုဒ်က မဖြစ်မနေ သုံးစွဲရမယ့်စနစ် ဖြစ်လာပါတယ်။ ဒီနေ့ခေတ်မှာ ပြည်တွင်းနေထိုင်သူ အချင်းချင်းလောက်ပဲ မြင်နိုင်၊ ဖတ်နိုင်၊ ရေးနိုင်နေတဲ့ စာရိုက်စနစ် တစ်ခုကနေ  တခြား တိုင်းရင်းသား ဘာသာစကားတွေကိုပါ တစ်ကမ္ဘာလုံး မြင်နိုင်၊ ဖတ်နိုင်၊ ရေးနိုင်မယ့် ယူနီကုဒ် စံစနစ်ကို အသုံးပြုဖို့ ပြုပြင်ပြောင်းလဲခဲ့တာပဲ ဖြစ်ပါတယ်။ 

   ယူနီကုဒ် အသုံးပြုမယ်ဆိုရင်တော့ တောင်သူဦးလေး၊ ဒေါ်လေး အနေနဲ့ စိုက်ပျိုးရေးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို အင်တာနက်ကနေ ဘာသာစကား အဟန့်အတားမရှိ အလွယ်တကူ လေ့လာနိုင်မှာ ဖြစ်သလို အင်တာနက်အသုံးပြုရတာ၊ အချက်အလက်တွေ သိမ်းဆည်းတာ၊ ရှာဖွေတာတွေကိုလည်း အလွယ်တကူ လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ် ခင်ဗျ။ ဖုန်းအသုံးပြုရတာ အဆင်ပြေကြပါစေ ခင်ဗျ။ ယူနီကုဒ်နဲ့ ပတ်သတ်တဲ့ အတွေ့အကြုံလေးတွေရှိရင်လည်း ကွန်မန့်မှာ ဆွေးနွေးခဲ့နိုင်ပါတယ် ခင်ဗျ။  

   နောက်ဆုံးမျှဝေပေးခဲ့တဲ့  "Zoom Meeting တစ်ခု ဘယ်လို ချိတ်ဆက်ရမလဲ" ဆိုတဲ့အကြောင်း ဖော်ပြထားတဲ့  ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

Zoom Meeting တစ်ခု ဘယ်လို ချိတ်ဆက်ရမလဲ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်