ဝက်ဘ်ဆိုက် (Website)  ဆိုတာဘာလဲ 

30/11/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

        “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ကြိုဆို လိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ အကောင့် ဟက်ခံရခြင်း အကြောင်း  မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ ဝက်ဘ်ဆိုက် (Website) အကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။ 

        တောင်သူ ဦးလေး ဒေါ်လေးတို့ ဝက်ဘ်ဆိုက် ဆိုတာကြားဖူးကြမယ် ထင်ပါတယ် ခင်ဗျ။ ပိုပြီး နားလည်သွားအောင် ရှင်းပြပေးသွားပါမယ် ခင်ဗျ။ 

         ဝက်ဘ်ဆိုက်ဆိုတာ နည်းပညာပိုင်းအရ ဖန်တီးတည်ဆောက်ထားတဲ့ အင်တာနက်ပေါ်က နေရာလေးတစ်ခု ဖြစ်ပါတယ်။ Web Page (ဝက်ဘ်စာမျက်နှာတွေ)  တွေ စုစည်းထားတာကို Website (ဝက်ဘ်ဆိုက်) လို့ခေါ်ပါတယ်။ Website (ဝက်ဘ်ဆိုက်) တွေကိုဝင်ရောက် ကြည့်ရှုနိုင်ဖို့အတွက် အင်တာနက်လိုင်း လိုအပ်ပါတယ်။ ယခုအချိန်မှာ အင်တာနက် သုံးစွဲသူ အရေအတွက်ဟာ တစ်နေ့တခြား တိုးပွားလာနေပါတယ်။ Website (ဝက်ဘ်ဆိုက်)  တစ်ခုဟာ ဘာနဲ့တူသလဲ ဆိုရင် ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချတဲ့ သူတွေအတွက် ဆိုင်ခန်းတစ်ခုကဲ့သို့၊ ဘဏ်လုပ်ငန်းများအတွက် ဘဏ်ခွဲတစ်ခုကဲ့သို့၊ အခြားသော လုပ်ငန်းများအတွက် ရုံးခန်းတစ်ခုကဲ့သို့ ၂၄နာရီ  ပိတ်ရက်မရှိ ဆောင်ရွက်ပေးနေတဲ့ နေရာတစ်ခုနဲ့ တူပါတယ်။

        Website (ဝက်ဘ်ဆိုက်) တစ်ခုဟာ ရောင်းသူ ဝယ်သူတွေကြား ကုန်ပစ္စည်းနဲ့ ပတ်သက်တာတွေ၊ လိုချင်တဲ့ သတင်းအချက်အလက်တွေကို စိတ်လွတ်လက်လွတ် ရှာဖွေကြည့်ရှုနိုင်တဲ့ နေရာဖြစ်ပါတယ်။ သွားရလာရတာ မရှိတော့တဲ့အတွက် ကုန်ကျစရိတ် သက်သာတယ်။ လိုချင်တဲ့ သတင်းအချက်အလက်တွေကိုလည်း အလွယ်တကူ ရယူနိုင်တဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။ အခုလောက်ဆိုရင် တောင်သူ ဦးလေး ဒေါ်လေးတို့လည်း ဝက်ဘ်ဆိုက် ဆိုတာလေးကို နားလည်သွားမယ် ထင်ပါတယ် ခင်ဗျ။ 

       ယခင်တစ်ပတ်က အကောင့် ဟက်ခံရခြင်း အကြောင်းဖော်ပြထားတဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

အကောင့်ဟတ်ခံရခြင်း

https://www.ictdirectory.com.mm


        ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်