Wifi ဝိုင်ဖိုင်ဆိုတာ ဘာလဲ ?

22/06/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ကြိုဆို လိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ ဦးလေး ဒေါ်လေးတို့ မိမိရဲ့ ဖုန်းနံပါတ်စစ်ဖို့၊ ဖုန်းငွေလက်ကျန်စစ်ဖို့ မျှဝေပေးခဲ့တာ မှတ်မိမယ် ထင်ပါတယ် ခင်ဗျ။ 

ယခုတစ်ပတ်မှာတော့ ဝိုင်ဖိုင်အကြောင်းကို မျှဝေပေးမှာ ဖြစ်ပါတယ်။ တောင်သူဦးကြီးလေး ဒေါ်လေးတို့ ဝိုင်ဖိုင် ဆိုတာလေးကို သိကြလား ခင်ဗျ။ တစ်ချို့ လက်ဖက်ရည်ဆိုင်တွေ ထမင်းဆိုင်တွေမှာ မိမိဖုန်းရဲ့ အင်တာနက်ကို ဖွင့်စရာမလိုဘဲ ဝိုင်ဖိုင်လေးချိတ်ပြီး အင်တာနက်အသုံးပြုလို့ ရတာကို ပြောတာ ဖြစ်ပါတယ်။ အင်တာနက်ကို ကြိုးမဲ့စနစ် နဲ့ချိတ်ဆက် အသုံးပြုနိုင်တာကို ဆိုလိုပါတယ်။ ကျွန်တော်တို့ ဖုန်းအင်တာနက် သုံးနေရင်း တစ်ယောက်မှာ ဖုန်းဒေတာကုန်သွားလို့ နောက်တစ်ယောက်ကနေ ဟော့စပေါ့ (Hotspot) လွှင့်ပေးပြီး ချိတ်ဆက်နိုင်တာဟာလည်း ဝိုင်ဖိုင်စနစ်ပဲ ဖြစ်ပါတယ်။

ဝိုင်ဖိုင်ရဲ့ အားသာချက် ကတော့ ချိတ်ဆက် အသုံးပြုရမှု လွယ်ကူခြင်း၊ အလွယ်တကူ လိုင်းလွှင့်နိုင်ခြင်း၊ အလွယ်တကူနေရာ ရွှေ့ပြောင်းနိုင်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ တစ်နေရာထဲမှာ လူအများအပြား ချိတ်ဆက်အသုံးပြုနိုင်ခြင်း စတဲ့ အားသာချက်တွေ ဖြစ်ပါတယ်။

အသုံးပြုသူများလာရင် လိုင်းကျတာမျိုးတွေ၊ ချိတ်ဆက်နိုင်မှု အားနည်းတာမျိုးတွေ စတဲ့ အားနည်းချက်အချို့လည်းရှိပါတယ်ခင်ဗျ။ ဝိုင်ဖိုင်မိတဲ့ နေရာ ရောက်ရင် ဖုန်းလေးဖွင့်ပြီး စိုက်ပျိုးရေး နည်းပညာတွေကို အစိမ်းရောင်လမ်းဆော့ဝဲလ် လေ့လာနိုင်သလို ဗဟုသုတ တွေကိုလည်း ရှာဖွေလို့ ရနိုင်ပါတယ် ခင်ဗျ။

ဝိုင်ဖိုင်နဲ့ ပတ်သတ်ပြီး တောင်သူ ဦးလေး ဒေါ်လေးတို့ သိသွားမယ်လို့ ယုံကြည်ပါတယ် ခင်ဗျ။ တနင်္လာနေ့တိုင်း ယခုအစီစဥ်လေးကို ဖော်ပြမှာ ဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံး ခင်ဗျ။   

ယခင်တစ်ပတ်က ဖုန်းနံပါတ်နဲ့ ဖုန်းငွေလက်ကျန်စစ်ဖို့  အကြောင်းဖော်ပြထားတဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

မိမိရဲ့ဖုန်းနံပါတ်ကို ဘယ်လိုပြန်စစ်မလဲ

Ref: burma.irrawaddy.com

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်