နှစ်ရှည်ပင်ကိုင်းထိုးခြင်း လုပ်ဆောင်ဖို့ ဘာတွေလိုအပ်သလဲ?

17/03/2020 12:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

နှစ်ရှည်ပင်တွေအတွက် ကိုင်းထိုးခြင်း ကိုင်းဖြတ်ခြင်းကို အများအားဖြင့်ဆိုရင်တော့ မိုးဦးကျစကာလမှာ ပြုလုပ်တယ်လို့ စိုက်ပျိုးရေးကျွမ်းကျင်သူများထံက သိရပါတယ်။

''ကိုင်းဖြတ်ဖို့အတွက် ကနဦးအနေနဲ့ ရောဂါကင်းစင်ပြီး ရွက်အုပ်နေရောင်ရသော အပိုင်းနဲ့ ပေါက်ရောက်မှု အားကောင်းတဲ့အကိုင်းငယ်တွေကို ရွေးချယ်ဖြတ်ယူပါ။

အဆစ် (၂)ဆစ် အနည်းဆုံးပါပြီး အတိုအရှည်ကတော့ အပင်အမျိူးစားအလိုက် (၄)လက်မလောက်ကနေ လက်မ (၃၀)လောက်အထိ ဖြတ်တောက်ပါ။ သတိပြုရမှာကတော့ ဖြတ်စကိုင်းပေါ်က အရွက်တွေကြောင့် ဖြတ်စကိုင်း မခြောက်စေဖို့အတွက် ရာသီဥတု အပေါ် မူတည်ပြီး အရွက်ချွေပေးထားသင့်ပါတယ်။

ဟု နှစ်ရှည်ပင် စိုက်ပျိုးနေသူတစ်ဦးက ရှင်းပြပါတယ်။

ဖြတ်စ အောက်ဘက်ကို အလျားအညီတိတိ ဖြတ်ပေးမယ်ဆိုရင် အမြစ်ထွက်အား ပိုကောင်းနိုင်တဲ့အပြင် ဖြတ်စကိုင်းမှာ ပင်စည်ကိုင်းစပါရင် ပိုကောင်းပါတယ်။

ဖြတ်ပြီးသား ကိုင်းတွေကို ချက်ချင်း မစိုက်ပျိုးနိုင်ရင် ဘာလုပ်မလဲ ဆိုတော့ ဖြတ်ပြီးသားကိုင်းတွေကိုတော့ အရိပ်အောက်မှာထားပါ။ ရေဖြန်းပေးပါ။ ဒါမှမဟုတ် အဝတ်အစိုနဲ့ ပတ်ထားပေးလို့လည်း ရပါတယ်။ အဲ့ဒိနည်းတွေနဲ့ အစိုဓာတ်ကို အတန်အသင့်  ထိန်းပေးလို့ရပါတယ်။ ကိုင်းဖြတ် စိုက်ပျိူးဖို့အတွက် မြေချဉ်ငံကိန်း PH 5.5 ကနေ PH 7.5 အထိ ရှိသော မြေဆိုရင် ပိုကောင်းပါတယ်။ အပင်ခြေမှာ ရေမဝပ်ဖို့တော့ လိုပါတယ်နော်။

ဟု ၄င်းက ဆက်လက်ပြောပါတယ်။

ကိုင်းထိပ်ဖျားစောင်း ခုတ်ထားတဲ့မျက်နှာပြင်ကို ရေငွေ့မပြန်စေဖို့နဲ့မှိုရောဂါ မကျရောက်စေဖို့ဆိုရင် ဖယောင်း ဒါမှမဟုတ် သင်္ဘောဆေး တစ်ခုခုသုတ်လိမ်းပြီး မျက်နှာပြင်ကို အောက်ဖက်ကထားကာ စိုက်ပျိုးရတယ်လို့ နှစ်ရှည်ပင် စိုက်ပျိုးနေသူများထံက သိရပါတယ်။

နန်းထက်ထက်ချစ်(ABM)

( ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေရှင့်


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်