"ဘာပဲစားစား ဒီလိုဆေးပြီးမှစား"

25/11/2019 17:00 PM တွင် Ixora Home Garden -ပုံဏ္ဍရိပ်ဥယျာဉ်ခြံ Ixora Home Garden -ပုံဏ္ဍရိပ်ဥယျာဉ်ခြံ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေက ဆေးနဲ့မကင်းတာများပါတယ်။ ဓာတုလွတ်တွေရှိနေကြပေမယ့် လုံလောက်တဲ့ပမာဏမရှိသ၍ကျွန်မတို့ အဆိပ်တွေကို သိသိကြီးနဲ့စားနေရသလိုပါပဲ။

ဈေးကွက်ထဲရောက်လာတဲ့ ဟင်းသီးဟင်းရွက်တွေကို အတတ်နိုင်ဆုံး အန္တရာယ်ကင်းကင်းနဲ့ စားချင်တယ်ဆိုရင် ဒီလိုနည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ပါ။

သဘာဝပတ်ဝန်းကျင်နဲ့ သိပ္ပံဆိုင်ရာဗဟိုဌာနကနေ ထုတ်ပြန်ချက်အရ

၁။ ဆား

ပုံမှန်အားဖြင့် ဆားရေနဲ့ ဆေးလို့ရပါတယ်။ အပေါ်ယံမျက်နှာပြင်လောက်က ပိုးသတ်ဆေး အကြွင်းအကျန်တွေကိုတော့ ဖယ်ရှားနိုင်ပါတယ်တဲ့။

၂။ ရေသန့်သန့် 

ရေနဲ့ဆေးမယ်ဆို ၈၀ ရာခိုင်နှုန်းထိ ဓာတ်ကြွင်းတွေပါယ်နိုင်ပေမယ့် စပျစ်သီး၊ ပန်းသီး၊ မာလကာသီး၊ သရက်သီး၊ မက်မွန်သီး၊ သစ်တော်သီး၊ ခရမ်းချဉ်သီး၊ ခရမ်းသီးနဲ့  ရုံးပတီသီးတွေမှာ ဓာတ်ကြွင်းပါဝင်မှုတွေက ပိုများတတ်တာမို့ ပိုပြီး ဂရုတစိုက်ရေဆေးသင့်ပါတယ်တဲ့။

၃။ ရှာလကာရည်

 ရေထဲကို ရှာလကာရည်နဲနဲထည့်။ အသီးအနှံတွေကို ရေထဲနှစ်ပြီး ပွတ်သပ်ဆေးကြောလိုက်ပါ။ ပြီး ရေနဲ့ပြန်ဆေးချလိုက်ရင်ရပါပြီ။ အခွံပါးတဲ့ အသီးတွေဆေးရင်တော့ နဲနဲတော့ ဂရုစိုက်ရမှာပေါ့။

၄။ အခွံတွေဖယ်မယ်

နောက်တစ်နည်းကတော့ ရေခပ်နွေးနွေးလေးထဲမှာ ခဏထားလိုက်ပါ။ အခွံတွေဖယ်မယ်အပေါ်ယံအခွံတွေခွါပြီးမှ စားမယ်ဆိုရင်လည်း ဓာတ်ကြွင်းတော်တော်များများကို ရှောင်နိုင်ပါတယ်။

များသောအားဖြင့် အသားတွေမှာလည်း အရေခွံတွေ၊ အဆီပိုတွေမှာက ဆေးတွေစုနေတတ်တာမို့ အတတ်နိုင်ဆုံး ဖယ်ပစ်သင့်ပါတယ်။ အသီးခွံတွေမှာ တစ်ချို့အာဟာရတွေပါပေမယ့် ဆေးသုံးတဲ့အသီးဖြစ်မယ်ဆိုရင်တော့ အာဟာရထက် ဆေးကပိုများမှာမို့ မစားခင်မှာ ဒီလိုနည်းလမ်းလေးတွေပြုလုပ်လို့ရအောင် ဖော်ပြလိုက်ရပါတယ်။

သိမ့်ဇာ

https://food.ndtv.com/food-drinks/simple-tricks-to-remove-pesticides-from-fruits-and-vegetables-696039


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်