အင်းဆက်တွေမလာအောင် ပုရွက်ဆိတ်တို့ ပိုးဟပ်တို့မလာအောင်ဖျန်းတဲ့ ဆေးဘူးတွေမှာပါတဲ့ ဓာတုဆေးကို DEET လို့ခေါ်ပါတယ်။
N,N Dethyl-3-methylbenzamide (or) diethyltoluamide တဲ့ သူအမည်အပြည့်အစုံက။ အဲ့ဆေးဘူးတွေထဲမှာ DEET 10-30% နဲ့ Ethanol ရောထားတာ။ အဲ့ဒီအချိုးအတိုင်းသာ မှန်တယ်ဆိုရင် မျက်နှာနားတေ့မဖျန်းရင်၊ အစားအစာတွေအပေါ် ဒဲ့မဖျန်းရင်၊ လေလုံပိတ်အခန်းထဲမှာသာမဖျန်းရင် အရမ်းကြီးအန္တရာယ်မရှိဘူး။
တိုက်ရိုက် အရေပြားကို ဖျန်းမိ ကိုင်မိ အသက်ရှုလမ်းကြောင်းကိုသာ ဖျန်းမိရင်တော့ အရေပြားဆို ပူမယ် ယားမယ်။ ရေဆေး ဆပ်ပြာတိုက် ခဏနေသက်သာမယ်။ အဲ မျက်စိထဲ အသက်ရှုလမ်းကြောင်း၊ အစာလမ်းကြောင်းထဲ ဒဲ့ရောက်သွားရင်တော့ ဆေးခန်းသာ ပြေးပေတော့ပေါ့။
ကြည့်ဖျန်း။ အစားတွေ aircon ခန်း၊ ခြင်ဇကာတပ် အခန်းတွေထဲမှာ။ DEET 10-30% ဟုတ်မဟုတ်က ဘူးပေါ်ရေးထားတာ ယုံရတာ။ ကိုယ်သေချာသိတာမဟုတ်ဘူး။
ကိုယ့် brand က အင်းဆက်တွေသေသဟဲ့လို့ ဝယ်လိုအားတက်စေချင်ပြီး ထုတ်လုပ်သူ သစ္စာမရှိ ရာနှုန်းပိုလိုက်ရင် ကိုယ်ဖျန်းမိ ကိုယ့်မိသားစုပဲထိမှာ။
အာ့မို့ အင်းဆက် killer ဖျန်းရင် မိသားစုကို အရင် ဝေးရာမှာနေခိုင်း။ ဖျန်းတဲ့အနားကို နာရီဝက်လောက်နေမှ ပြန်သွားခိုင်း။
အသက် ၂ နှစ်အောက် ကလေးရှိတဲ့အိမ်မှာ လုံးဝမဖျန်းသင့်ဘူး။ ကလေးရဲ့ neuro system အာရုံကြောကို ထိခိုက်စေသတဲ့ US-EPA ကပြောတာ။ insect killer ဆေးဘူးကို ဝယ်တဲ့သူတိုင်း ဆေးဘူးပေါ်က DEET ရဲ့အချိုးကို ကြည့်ပြီးဝယ်ရမယ်ဆိုတာ မသိကြပါဘူး။ ၃၀ % ထက် ပိုပြီးပါဝင်ရင် အသက်အန္တရာယ်ရှိပါတယ်။ အိမ်သုံးအတွက်ထုတ်ထားတဲ့ပမာဏထက် ကျော်လို့မရပါဘူး။
ခြင်ဆေးဘူးမှာကျတော့ permethrin ဆိုတဲ့ဓာတုပစ္စည်းပါတာ။ သူက Synthetic Pyrithroid ရဲ့ first generation AI အုပ်စု။ Insect killer ဘူးနဲ့ မတူဘူး။ အများစုက အတူတူပဲလို့ ထင်ကြတယ်။
ရာသီဥတုပူနေချိန်မှာ မဖျန်းရဘူး။ အရေပြားထိခိုက်မှု ပိုများတတ်တယ်။ အသက် ၂ နှစ်အောက် ကလေးနဲ့ ကိုယ်ဝန်ဆောင်ရှိရင် မဖျန်းရဘူး။
ခြင်ဆေးဘူးအငွေ့ကို မကြာခဏရှူရတဲ့ အနေအထားဆိုရင် သွေးကြဲမယ်၊ အဆုတ်နဲ့ အသည်းအကျိတ် ဖြစ်စေနိုင်တယ်လို့ လေ့လာတွေ့ရှိချက်အဖြေတွေရှိတယ်။
အသက်ကို ဉာဏ်စောင့်၏။
Source -DaDa (2002 B.Agr.Sc)
"သီးနှံကာကွယ်ရေးဆိုင်ရာ အထွေထွေဗဟုသုတများ" ဖေ့ဘုတ်ပေ့ချ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ
Greenovator