ဘယ်လိုအခြေအနေမျိုးမှာ သခွားသီးတွေ ခါးသက်တာလဲ..?

16/07/2020 11:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    သခွားပင်သည် Family-cucurbitaceae ဆိုသည့် ဗူး၊ ဖရုံ၊ သခွားမျိုးရင်းများအနက် ပါဝင်သည်။ သခွားပင်မှထုတ်သည့် Cucurbitacins ဆိုသည့် ဓာတ်ပစ္စည်းကြောင့် သခွားသီးများ၌ ခါးသက်သည့် အရသာဖြစ်ပေါ်ရခြင်း ဖြစ်သည်။

“ပုံမှန်အားဖြင့် Cucurbitacins တွေက အပင်ရဲ့ အရွက်တွေ၊ ပင်စည်တွေထဲမှာ ရှိနေရာက တဆင့် အသီးထဲရောက်သွားလို့ သခွားသီးတွေ ခါးရခြင်းဖြစ်ပါတယ်။ Cucurbitacins တွေဟာ cytotoxin ဖြစ်ပြီး အသီးအရွက်စားသတ္တဝါတွေရဲ့ရန်က ကာကွယ်ဖို့ ထုတ်တာဖြစ်ပါတယ်။ များများစားမိရင်တော့ လူတွေမှာ ဖျားတဲ့အထိ ဖြစ်တတ်ပါတယ်။ ဟု စိုက်ပျိုးရေးပညာရှင် ဦးအောင်ကိုလတ် က ပြောသည်

ခါးသက်ရသည့် အဓိက အကြောင်းအရင်းများ…

(၁) ရာသီဥတု ပူလွန်းခြင်း

    သခွားသီး ခါးသက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ အပူချိန်များလွန်းခြင်းဖြစ်သည်။ ပူလွန်းသည့်အခါ သခွားပင်သည် အပူဒဏ်ကြောင့် အခါးဓာတ်ကို ထုတ်လေ့ရှိသည်။ အပူဒဏ်များများ ခံရလေလေ၊ အခါးဓာတ်ကို များများထုတ်လေ ဖြစ်သည်။

(၂) ရေပေးသွင်းသည့်ပမာဏ မမျှတခြင်း

    သခွားပင် ရေပေးသွင်းသည့်အခါ ရေပမာဏ အနည်းအများ မမျှတခြင်းကြောင့် အပင်ရေငတ်ခြင်း၊ ရေဝပ်ခြင်းဖြစ်ပြီး သခွားပင်ဖိစီးမှု stress ဖြစ်၍ သခွားသီးများ ခါးသက်နိုင်သည်။

(၃) အပူချိန်ကွာဟချက် များလွန်းခြင်း

    အပင်သက်တမ်းအတွင်း ရာသီဥတုပူလွန်းခြင်း၊ အေးလွန်းခြင်း၊ ရာသီဥတုပြင်းထန်ခြင်း တို့ကို ကြုံတွေ့ရလျှင်လည်း သခွားသီးများ ခါးသက်သည့်အရသာ ဖြစ်တတ်သည်။

(၄) မျိုးရိုးလိုက်ခြင်း

    အချို့သခွားသီးမျိုးများအတွင်း အခါးဗီဇ (gene) ပင်ကိုယ်အတိုင်း ပါလာနိုင်ခြင်းတို့ကြောင့်ဖြစ်သည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်