ကတ်သမျှင်ငါး ဘာကြောင့်အဖိုးတန်တာလဲ

24/10/2019 17:00 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

ဒီငါးရဲ့အမည်က (Golden Snapper Fish)လို့ခေါ်ပါတယ်။

မြန်မာပြည်မှာခေါ်ဆိုကြတာက ကတ်သမျှင်ငါး''ဟု ခေါ်ဆိုပါတယ်။ ကတ်သမျှင်ငါး ဟုတ်မဟုတ်ဆိုတာတော့ ကျွန်တော်အတည်ပြု မပြောဆိုပါဘူး..။

ကျွန်တော် အခုပြောပြချင်တာက ဒီငါးရဲ့ Air Bladder လို့လည်းခေါ်သလို Fish Maw လို့လည်းခေါ်တဲ့ ငါးအဆီဖောင်း အကြောင်းဖြစ်ပါတယ်။

ဒီငါးတွေဟာ အရွယ်အစားမတူညီသလို အရောင်အဆင်းလည်း မတူညီကြပါဘူး။ ရွှေရောင်နှင့် ငွေရောင် နှစ်မျိုးနှစ်စားလောက်ရှိပါတယ်။

ဘယ်လောက်စျေးကြီးသလဲဆိုရင် ငါးရဲ့အလေးချိန် (၁၆၀ ပေါင်)ကို တရုတ် ယွမ်ငွေ (၃ မီလီယံ)ပေါက်စျေးရှိပါတယ်။

သူ့ရဲ့ဝမ်းဗိုက်ထဲက အဆီဖောင်းဟာ အရမ်းအဖိုးတန်ပြီး ၄င်းငါးရဲ့အဆီဖောင်းအခြောက်ကို ပင်လယ်အုန်းရည် (Sea coconut )နှင့် ကြက်နက်(Black Chicken)ကို ရောနှော၍ စွပ်ပြုပ်လုပ်သောက်ပါက အားအင်းဖွံ့ဖြိုးတိုးပွားလာစေသည့်အပြင် သက်ကြီးရွယ်အိုများ သွေးလည်ပတ်မှုကိုမှန်ကန်၍ အရေပြားရောဂါကို ကာကွယ်ပေးပါတယ်။

?ဒါကလည်း ပိုက်ဆံအရမ်းချမ်းသာတဲ့လူတွေလောက်သာ ဝယ်ယူစားသုံးနိုင်ပါကြောင်း ရေးသားဖော်ပြလိုက်ပါသည်။

?ကျေးဇူးတင်ပါတယ်..ကျွန်တော် ဘဝခါးခါးပါ။

ဘဝခါးခါး✏

Source- AQUADAPT-Myanmar


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်