တစ်ကမ္ဘာလုံးဆိုင်ရာကိုယ်လုံးတီးဥယျာဉ်စိုက်ပျိုးရေးနေ့။ ။နွေးထွေးမှုနှင့်လုံခြုံမှုအတွက်အကြံပြုချက်များ

06/05/2019 15:00 PM တွင် မြတ်နန္ဒာအောင် မြတ်နန္ဒာအောင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒီနေ့ကတော့ အီကွေတာရဲ့မြောက်ဘက်မှာရှိတဲ့နိုင်ငံတွေရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ကိုယ်လုံးတီး ဥယျာဉ်စိုက်ပျိုးရေးနေ့ပဲဖြစ်ပါတယ်။ Kiwi သဘာဝလောကပညာရှင်တွေကတော့ အောက်တိုဘာလ (ကျွန်မတို့ရဲ့ နွေဦး ၊ ရာသီဥတုစနွေးလာတဲ့အချိန်) မှာ အကုန် ကိုယ်လုံးတီးဖြစ်ဖို့ ကတိပြုထားကြပါတယ်။ စိမ်းလန်းခြင်းကို ဘာနဲ့မှမရပ်တန့်နိုင်ပါဘူးလို့ သဘာဝတရားကို ချစ်မြတ်နိုးတဲ့ သူတွေက ပြောဆိုနေကြဖြစ်ပြီး ဒီနေ့မှာတော့ အကုန်လုံးချွတ်ပစ်ဖို့ မျှော်လင့်ထားတဲ့အတိုင်း ရာသီဥတုလဲ အတော်အသင့်ကောင်းမွန်တဲ့အတွက်ကြောင့် ချွတ်ပစ်ခဲ့ကြပါတယ်။ အားလုံးပြီးတဲ့နောက်မှာတော့ MET ဝန်ဆောင်မှုကနေ တိမ်၊ လေ နဲ့ မိုး အခြေအနေတွေ ကို ခန့်မှန်းခဲ့ကြပါတယ်။ ဒါကြောင့် စိတ်လဲသက်တောင့် သက်သာဖြစ်ပြီး(လုံခြုံရန်) NZ Gardner Magazine မှ ကျွမ်းကျင်ပညာရှင် (လူသိမခံချင်သော ထိုနေ့ကိုပါဝင်ဆင်နွဲမည့်သူ) က သင်တို့ကို ကိုယ်လုံးတီးနဲ့ သင်တို့ ဥယျာဉ်ထဲမှာ စိုက်ပျိုး နေစဉ် နွေးထွေးဖို့နဲ့ လုံခြုံဖို့အတွက် လိုက်ပါဆောင်ရွက်ရမယ့် အချက်တွေကို ဝေမျှ ပေးခဲ့ပါတယ်။
အရွက်များကိုထွန်ခြစ်ဖြင့်ခြစ်ပါ။
    ထွန်ခြစ်နဲ့ အရွက်တွေကို ခြစ်ယူပါ။ လှဲကျင်းပါ။ ခုရာသီက အဲ့လိုလုပ်ဖို့ အသင့်တော်ဆုံးပါပဲ။ အရွက်တွေကို တစ်နေရာထဲမှာ စုပုံပြီး မြေဆွေးလုပ်ပါ။ အိမ်ထဲစိုက်တဲ့ အလှအိုးလေးတွေ အတွက် သင့်တော်တဲ့ မြေဆွေးကောင်း ဖြစ်တဲ့အပြင် ရေစုပ်ယူမှုအားကောင်းပြီး ရေကိုကြာရှည်စွာ ထိန်းထားနိုင် ပါတယ်။
စိုက်ပျိုးထားတဲ့ အပင်တွေပေါ် လိုက်လံ ဖုံးအုပ်ပါ။
    နှစ်သက်ရာမြက်ခြောက် ၊ မြေပဲရိုး အစရှိတဲ့ အရာတွေကို အသုံးပြုပြီး လိုက်လံဖုံးအုပ်ပါ။ ဖုံးအုပ်ခြင်းက သင့်ရဲ့မြေဆီလွှာကို အချိန်မရွေး ကောင်းမမွန်စေဖို့အတွက် အထောက်အကူပြုပါတယ်။ ဒါ့အပြင် ဖုံးအုပ်ခြင်း ကြောင့် သင့်ရဲ့ ကာယခွန်အားကို သက်တောင့်သက်သာရှိစွာ အသုံးပြုခြင်းက သက်လုံကောင်းပြီး နှလုံးခုန်နှုန်း ကို မြင့်တက်စေဖို့ အထောက်အကူပြုပါတယ်။
သင့်ရဲ့ဖန်လုံအိမ်ကိုရှင်းလင်းပါ။
    သင့်ရဲ့ဖန်လုံအိမ်ကို ရှင်းလင်းတာကလဲ သင့်ရဲ့ဥယျာဉ်ထဲမှာ အသင့်တော်ဆုံး အနွေးထွေးဆုံး ဖြစ်စေမယ့်နည်းပဲဖြစ်ပါတယ်။ သင့်မှာဖန်လုံအိမ်မရှိဘူးဆိုရင် အိုးတွေထားတဲ့နေရာ ဒါမှမဟုတ် ပစ္စည်းတွေ ထားတဲ့နေရာ အစရှိတဲ့နေရာတွေကို ရှင်းလင်းသင့်ပါတယ်။
အိုးတွေ တိုလီမိုလီထည့်တဲ့ သေတ္တာတွေကို နေရာရွှေ့ပါ။
    အိုးအကြီးကြီးတွေကို နေရာရွှေ့ဖို့ ပြောတာမဟုတ်ပါဘူး။ အနေတော်အရွယ်ရှိတဲ့ အိုးတွေကို နေရာရွှေ့ပေးဖို့ပါ။ အထူးသဖြင့် နှင်းခဲဒဏ်တွေ မခံနိုင်တဲ့ သမပိုင်းဒေသက အပင်တွေကို နေရာရွှေ့ပေးထားတာမျိုး လုပ်ပေးသင့်ပါတယ်။
တူးစရာရှိတာတွေတူးပြီး ပေါင်းသင်မြက်နှုတ်လုပ်ပါ။
    အခုချိန်ကတော့ အချို့ဥစားသီးနှံတွေရဲ့ အမြစ်ကိုတူးဆွဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ပဒဲကော၊ ဂျင်း၊ ကန်စွန်းဥတွေကို သိမ်းဆည်းသင့်တဲ့ အချိန်ဖြစ်ပါတယ်။ မြက်တွေရှင်းရင်းနဲ့ ဆောင်းရာသီ သီးနှံတွေကို မလွတ်တမ်းစိုက်ပျိုးနိုင်ပါတယ်။
ကဲအခုဆိုရင် သင်တို့အတွက် ကိုယ်လုံးတီးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို လုံခြုံစွာ လုပ်ဆောင်နိုင်ဖို့ နည်းလမ်းလေးတွေကို ရှာဖွေဖော်ပြပေးလိုက်ပါတယ်နော်။
•    နှင်းဆီခင်း၊ ဆူးခြုံရိုင်းတွေကိုရှောင်ပါ။ ဒီနေ့ကတော့ ဆူးငယ်တွေပါတဲ့ အပင်တွေကို ရှင်းလင်းဖို့ နေ့ရက်ကောင်းတစ်ရက်မဟုတ်ပါဘူး။ ကိုယ်နဲ့ ဓါတ်မတည့်တဲ့ အပင်တွေ၊ အဆိပ်ရှိတဲ့ အပင်တွေကို ရှောင်ရှားသင့်ပါတယ်။ အဲ့ဒီ့အစား တရွေ့ရွေ့နဲ့ ပေါင်းမြက်တွေကို သုတ်သင်ရှင်းလင်းပါ။
•    နေရောင်ဒဏ်ကာကွယ် တဲ့ ခရင်မ်တွေ နေရာအနှံ့ကို လိမ်းပေးပါ။
•    သင့်မှာအိတ်ကပ်တွေမပါတဲ့အတွက် ခြံရှင်းကိရိယာတွေကို ထည့်ဖို့ ပုံးတစ်ပုံးကို ကိုင်ဆောင် ထားပေးပါ။
•    ဒူးကာတွေတော့တပ်ထားပါ။ ဒါမှပုံစံအမျိုးမျိုးနဲ့ အဆင်ပြေပြေလုပ်ဆောင်နိုင်မှာပါ။
•    သင့်ရဲ့အိမ်နီးချင်းတွေကို လိုက်ကာတွေပိတ်ထားဖို့ သတိကြိုပေးပါ။  ဒါမှမဟုတ် အချိန်ဇယား သေချာချထားပြီး ပြောပြထားပါ။ မဟုတ်ရင် သင့်ကို အိမ်နီးချင်းကို နှောင့်ယှက်မှုနဲ့ ဖမ်းဆီး ထိန်းသိမ်းခံရနိုင်ပါတယ်။
•    စွမ်းအားသုံးရတဲ့ စိုက်ပျိုရေးသုံး ပစ္စည်းများကို တတ်နိုင်သမျှရှောင်ရှားပါ။ (ဥပမာ- လျှပ်စစ်သုံးလွှ)
မည်မျှပင် ကိုယ်လုံးတီး စိုက်ပျိုးရေးနေ့ဟုဆိုစေကာမူ ဦးထုပ်၊ လက်အိတ်နဲ့ ဖိနပ်ရှည်ဝတ်ခြင်းတွေဟာ လုံခြုံရေးအတွက် အပိုဆောင်းပစ္စည်းတွေ ဆိုတာသိသင့်ပါတယ်နော်။
Mei Leng Wong, 4:30, May 04 2019
NZ Gardner မှဆောင်းပါးကို ဘာသာပြန်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
မြတ်နန္ဒာအောင်


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်